ကောင်းကင်တစ်ခုမွေးဖွားခြင်း

ကောင်းကင်တစ်ခုကို မွေးဖွားဖို့ အတွက် ဒီ လောကထဲကိုရောက်လာမိပြီ

Subscribe
Add to Technorati Favourites
Add to del.icio.us
အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါသည် နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်

ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။

အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။

မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။

ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။

0 comments: