သားတို့် တီတာ ငယ်စဉ်အခါ
မပျက်မယွင်း (မေတ်တာ) နှင်းပြီး
စောင့်ရှောက် သွန်သင်ဆုံးမသော
ချစ်သောမေမေ။
အရွယ်တထောက် ပညာဂုဏ်မောက်ပြီး
ငါသိငါတက် ငါကိုဖက်ပြီး
ထင်ရာဇွတ်ပြင်း စိုင်းကာနှင်းသည့်
သားမိုက်ကိုပင် (မေတ်တာ) မပျက်
ချစ်ခင်လျက်သာ လမ်းမှန်အရောက်
ပို့ ဆောင်နှင်းသော
ချစ်သောမေမေ။
မသိ (မလိမ်မာ) ငယ်စဉ်အခါ
မိုက်ရိုင်းစော်ကား ထင်ရာစိုင်းသမျှ
ရှိခိုးဦးတင် တောင်းပန်ချင်သည်
မေမေ သိနိုင်ပါစေသား….။
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။
တစ်ပွင့်ဆန်းလှပန်းအလှကို
မြတ်နိုးလျက်သာချစ်နေပါလည်း
နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။
မြတ်နိုးလျက်သာချစ်နေပါလည်း
နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။
ကြေကွဲတဲ့နေ့ 
ဒိုင်ယာရီမှာရှိသေးတယ်
နှလုံးသားမှာမှတ်ထားတယ်….
အဲ့ဒီနေ့ 
မင်းငါ့ကိုချန်ထားခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ဒိုင်ယာရီကိုဖတ်တိုင်း
နှလုံးသားတစ်ချက်ခုန်တိုင်း
နာကျင်လို့ မျက်ရည်တွေစီးကျ
သြော်…. အချစ်ရယ်..
သေသွားတာမှကောင်းလိမ့်မယ်….။
(၁ ၆ ၂၀၀၇)
လမိုက်ညရဲ့အမှောင်ကို
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။
မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။
စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။
မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။
စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။
ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။
အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။
မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။
ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။
အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။
မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။
ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။
စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။
လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…
တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။
လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…
တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…
မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။
ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။
ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။
သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။
ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။
ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။
သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။
Subscribe to:
Posts (Atom)