ကောင်းကင်တစ်ခုမွေးဖွားခြင်း

ကောင်းကင်တစ်ခုကို မွေးဖွားဖို့ အတွက် ဒီ လောကထဲကိုရောက်လာမိပြီ

Subscribe
Add to Technorati Favourites
Add to del.icio.us
အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါသည် နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်
June 28, 2008

200 Pound

ဒီနေ့ တော့ကျတော် ရှာတွေ့ သမျတွေထဲက ခုခေတ်က ကိုရီးယား ဇတ်လမ်းတွဲတွေ သီချင်းတွေ ကအရမ်းခေတ်စား နေတဲ့ အချိန်ဖြစ်နေတယ်လို့ မှတ်ယူလို့ ရပါတယ်..ကောင်မလေးတွေ(၁၀ကျော်သက်တွေဆိုရင်ပိုဆိုးတာပေါ့) အရမ်းကြိုက်ကြတယ်..

ကိုယ့်ကောင်လေး(ဘဲ)တွေကို ဆိုရင်လည်း ကိုရီးယားမင်းသားလေးတွေနဲ့ တူအောင် ပုံသွင်းပေးလေ့ရှိကြတယ်. ဒါကြောင့် ကျတော် ရှာတွေ့ ခဲ့တာလေးကတော့ 200 Pound (ကြည့်ဖူးကြမှာပါ) သီချင်းကော ၊ ဗွီဒီယိုကိုကော ရှာတွေ့ ထားလို့ တင်ပြပေးချင်ပါတယ်..

အောက်မှာနားဆင်ကြည့်ရှု့နိုင်ပါတယ်..ကောင်မလေးနာမည်က "Kim Ah" ဖြစ်ပါတယ်



Maria - Kim Ah-Jung

ကျတော် သူငယ်ချင်အကြောင်းတစ်ခါမှ မရေးဖူးဘူး ဒီတော့ ရေးကြည့်ရအောင်

ကျတော့်မှာ သူငယ်ချင်းတွေတော့ အများကြီးရှိခဲ့တာပေါ့ ။သူငယ်ချင်းတွေ ကမတူဘူး တချို့ ကျတော့ ဒီလို တွဲလာရင်းနဲ့ သူငယ်ချင်းဆိုပြီး ဖြစ်သွားတာ နောက်တစ်ခုကတော့ သူတို့ ထဲက ကောင်မလေးဖြစ်ဖြစ် ကောင်လေးဖြစ်ဖြစ် ကို ကြိုက်ပြီးတော့ ၀င်ရောပြီး ပေါင်းသင်းရင်းနဲ့ သူငယ်ချင်းဆိုပြီး ဖြစ်သွားကြပါရော

ကျတော့် မှာတော့ ဒီလိုမျိုး သငယ်ချင်း ၂ မျိုးလုံးရှိခဲ့ပါတယ်..ဒီထဲက ကျတော် အရမ်းခင်ရတဲ့ သူငယ်ချင်းတွေရဲ့ အပြုအမူတွေ အကျင်းစရိုက်လေးတွေ ကိုပြောပြချင်တယ် သူတို့ တွေ ကတော့ ကျတော် အရမ်းခင်တာပေါ့နော်
သူတို့ တွေက ကျတော့်ထက် အရမ်းတော်ကြတယ်..ကျတော်ထက်လည်း အရာရာမှာ သာလွန်စွာ တက်ကျွမ်း
နားလည်ကြတယ်..ကျတော်ကတော့ ဒီလို မဟုတ်ဘူး အဖက်ဖက်မှာ အားနည်းတယ်..

(ကျတော်ကတော့ ဒီထဲမှာ အညံ့ဆုံး(အရာအားလုံး) တစ်ခါတလေ သူတို့ ကို အရမ်း အားကျတယ်..သူတို့ လို မျိုး နေကြည့်တယ်..ဘယ်လို မှ မရဘူး)

သူတို့ တွေထဲမှာ ချမ်းသာတဲ့ လူကျတော့ သူဟာ အရာရာကိုနားလည်ခဲ့တယ်..(ငွေကြောင့်ပေါ့) လူတွေကို ကိုယ်ချင်းစာတယ်..မကောင်းတာက တစ်ခါတလေ သူဟာ အရမ်းစိတ်တိုတက်တယ်..ဒါပေမယ့် သူငယ်ချင်းတွေ
ကိုတော့ တော်တော်လေး ခင်တယ် ဒါပေမယ့်လည်း သူ့ မှာအကျင့်တွေ ပျက်နေတယ်. ကျတော်တို့ လည်း
ပျင်ပေးတာပဲ မရဘူး ပညာရေးမှာတော့ နည်းနည်း ချူချာတယ်..

နောက်တယောက်ကတော့ သူငယ်ချင်းတွေကို တော်တော်လေးခင်တက်တယ်..နေရာတကာလည်းဝင်ဆံ့တယ်.
အရာရာကို သူက သူ့ စိတ်ကူထည်းကလို ဖြစ်နေစေချင်တယ်..(စိတ်ကူယဉ်တယ်ပေါ့(ကျတော့်အမြင်ပါ)) သူမှာ လည်းရှေ့ကတယောက်လို ပဲ အကျင့်ဆိုးတစ်ခုရှိတယ်..

နောက်ထက်သူငယ်ချင်းတွေကျတော့ တော်တော်လေးကောင်းကြပါတယ်..

ကျတော်အကြံပြုချင်တာတော့ သူငယ်ချင်းဆိုတာ (မိတ်ဆွေ) ကောင်းတဲ့ သူငယ်ချင်းရှိသလို မကောင်းတဲ့ သူငယ်ချင်းတွေ လည်းရှိကြတယ်..ဆိုတာကို ကွဲကွဲပြားပြား သိအောင်ကြိုးစားစေလို ပါတယ်..

ဥပမာ..သူက ကိုယ်အတွက် ကောင်းတယ်လို့ ထင်ရင်(အရာရာမှာပေါ့) သူ့ ကို အနီးကပ်ပေါင်းပြီး သူ့ အကျင့်လေးတွေ ဘယ်လိုရှိတယ်ဆိုတာကို လေ့ လာရင်း ပေါင်းသင်းပေါ့ သူ့ ကို လည်း ကိုယ် မကြိုက်တဲ့ အကျင်းလေးတွေ ကို ပြော ပြီး (ဒီလိုမျိုးကတော့ မကောင်းဘူးကွာ ဒီဟာကတော့ ကောင်းတယ်) တော့ တိုတိုင်ပင်ပင် နေပေါ့ ဒီ လိုဆိုရင် သူလည်း ကိုယ့် အပေါ်မှာ ကောင်းမှာပေါ့

သူငယ်ချင်း
မင်းနဲ့ မတွေ့ ရတာ ကြာနေပါပြီကွာ
တယောက်တည်း နေရတာ ငါ ဘာလို့ မပျော်တာလဲ

မင်းရှိတဲ့ အချိန်တွေကိုပဲ သတိရနေတယ်
ဖြစ်နိုင်ရင် အရင်ချိန်တွေ ကိုပြန်လိုချင်တယ်

မင်းကို မတွေ့ ရပေမယ့်
မင်းကိုတော့ သတိရနေစမြဲပါ

ငါတို့ အတူတူ သွားခဲ့တဲ့ နေရလေးတွေ
အစားအသောက်လေးတွေ
တွေ့ လိုက်တိုင်း မင်းကို ပဲ
သတိရနေမိတယ်..

နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ
မင်းကိုလေ
ငါ ဒီလောကထဲမှာမရှိတော့ရင်တောင်
မင်းနားမှာ ငါ့ဝိညာဉ် ရှိနေမယ်ဆိုတာ
မင်းယုံကြည်ပေးပါ
(ကျတော့်ကို အရမ်းခင်တယ်ဆိုတဲ့ သူငယ်ချင်းတယောက်အတွက်)




ဒီနေ့ တော့ ကျတော် ကျောင်းပြေးလာတယ်ဗျို့ အတန်းတွေက မတက်ချင်တဲ့ အတန်းတွေပဲဆိုတော့ ကျောင်းကတော့ ၁ပတ် မှာ ၂ရက်မတက်ရင် ကျောင်းအုပ်ဆီသွားပြီး Auto သွားထိုးရမှာလေ ဒါပေမယ့် မမူ့ တော့ပါဘူး။။

ကျောင်းပြေးလေးပါ
"ကျောင်းပြေး..ဒီနာမည်အပေါင်းများကပေးကြတယ်...
ကျောင်းပြေးပြေး နူတ်ခမ်းမွေးလို့ အားလုံးဝိုင်းလို့ နောက်နေလည်း..
and more...."


(no title) -


သားတို့် တီတာ ငယ်စဉ်အခါ
မပျက်မယွင်း (မေတ်တာ) နှင်းပြီး
စောင့်ရှောက် သွန်သင်ဆုံးမသော
ချစ်သောမေမေ။

အရွယ်တထောက် ပညာဂုဏ်မောက်ပြီး
ငါသိငါတက် ငါကိုဖက်ပြီး
ထင်ရာဇွတ်ပြင်း စိုင်းကာနှင်းသည့်
သားမိုက်ကိုပင် (မေတ်တာ) မပျက်
ချစ်ခင်လျက်သာ လမ်းမှန်အရောက်
ပို့ ဆောင်နှင်းသော
ချစ်သောမေမေ။

မသိ (မလိမ်မာ) ငယ်စဉ်အခါ
မိုက်ရိုင်းစော်ကား ထင်ရာစိုင်းသမျှ
ရှိခိုးဦးတင် တောင်းပန်ချင်သည်
မေမေ သိနိုင်ပါစေသား….။

စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။

တစ်ပွင့်ဆန်းလှပန်းအလှကို
မြတ်နိုးလျက်သာချစ်နေပါလည်း

နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။

ကြေကွဲတဲ့နေ့ 
ဒိုင်ယာရီမှာရှိသေးတယ်
နှလုံးသားမှာမှတ်ထားတယ်….

အဲ့ဒီနေ့ 
မင်းငါ့ကိုချန်ထားခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ဒိုင်ယာရီကိုဖတ်တိုင်း
နှလုံးသားတစ်ချက်ခုန်တိုင်း
နာကျင်လို့ မျက်ရည်တွေစီးကျ

သြော်…. အချစ်ရယ်..
သေသွားတာမှကောင်းလိမ့်မယ်….။

(၁ ၆ ၂၀၀၇)

လမိုက်ညရဲ့အမှောင်ကို
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။

မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။

စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။

ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။

အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။

မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။

ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။

စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…

မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။


ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။

ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။

ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။

သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။

ကျတော်ဒီနေ့ တော့ကျတော်ဖြစ်ပြတ်ခဲ့သမျလေးတွေကိုပြောပြချင်ပါတယ်.ကျေးဇူးပြုပြီးစိတ်ရှည်စွာ နဲ့ ဖတ်ပေးစေချင်ပါတယ်............

ကျတော် ဒီနေ့ နံနက်စောစော ၆ နာရီ မထိုးခင် ၁၅ မိနစ်အလို မှာအိပ်ရာက ထ ပြီ ရေးချိုးတယ်..ကျောင်းသွားရတော့မှာကို... ကျတော် စိတ်ရှည်စွာနဲ့  ရေချိုးခဲ့ တယ်.. ရေလည်းချိုးပြီးတော့ ၆နာရီ ခွဲ ပြီးပြီ.. ကျတော် ကျောင်း ဖယ်ရီက ၇နာရီ ၂၀ ဆိုရင် ထွက်နေကျဆိုတော့ ကျတော် လည်း ဖယ်ရီ ဂိတ် ကို အပြေး အလွား သွားရတာပေါ့ ကျတော် မှာ သယ်ရင်း(သူငယ်ချင်း) တယောက်ကို လည်းသွားပြီး ခေါ်ရသေးတယ်. ကျတော်မှာ သယ်ရင်း (မိန်းကလေး) ၅ယောက်ရှိတယ်.. ဒီနေ့ ကျမှ ၄ယောက် ကကျောင်း မသွားဘူး ။ကျတော် သွားခေါ်တော့ ၁ ယောင်ပဲ တက်တယ်...ကျတော်တို့ နှစ်ယောက် ဖယ်ရီဂိတ်ကို သွားကြပါရော.. ဖယ်ရီ ကလည်း ၇နာရီ ၂၀ ပဲ ရှိသေးတယ် ရောက်လာကော...ကျတော်တို့ နှစ်ယောက်လည်း ဖယ်ရီပေါ်တက်ပြီး ကျောင်းကိုလာ ကြပါလေရော...ကျတော်တို့ လည်းကျောင်းကို ရောက်ရော..၈နာရီ ၁၃ ရှိသွားပြီ ကျတော်တို့ ကျောင်းတော်ကြီးမှာ ကတော့ အဆင်ကိုပြေနေတာပဲ...(ဟီး..ဟီး...) ကျတော်တို့ ကျောင်းက ၈ နာရီ ၁၅ ကျော်ရင် ကျောင်းထဲကို ပေးမ၀င်တော့ဘူး .. ကျတော် ၈နာရီ ၂၀ တည်းက နေပြီး ၁၀နာရီ ခွဲ ထိ စာလည်း သင်ပြီးတော့ ရုံးခန်း ကနေပြီး လာခေါ်တယ်လေ...ရုံးခန်းမှာ..၀န်ကြီး ရုံး ကနေ လွင့် ပေးတဲ့ သင်ခန်းစာတွေကို လေ့လာရမယ် တဲ့ ကျတော်တို့ လည်း လာခေါ်တော့ သွားရတာပေါ့.. ကျတော်တို့ ဘ၀က အရမ်း ကိုဆိုးရွားတယ်.. ဘာမှလည်း မကြားရ မမြင်ရနဲ့ (ကိုရီးယား မှာဆိုရင်တော့ မိုက်မယ် ချွေးထုတ်ခန်း သွားစရာမလိုတော့ဘူး) ဒီတိုင်းပြန်လာခဲ့ရတယ်.....
ပြီးတော့ ကျတော် မှာနေ့ ခင်း အပြင် သွားစရာရှိတာနဲ့ ကြံမိကြံရာ အပေါက်က ထွက်လာခဲ့ရတယ်.. အပြင်ကိုလည်းရောက်ရော..ကားလေးကအဆင်သင့်ရောက်နေလေရဲ့ ကျတော်တို့ လည်း ကားကလေးနဲ့ အတူတူ လိုက်လာပြီး.... တောင်ညွန့် ကို သွားကြတယ်.. သယ်ရင်း တယောက်ကို ခေါ်ပြီး Season (City Mart (အောင်ဆန်း)) ကျတော်တို့ မုန့် တွေစားပြီး City Mart ကိုပတ်ပြီး ၀ယ်ချင်တာလေးတွေ ၀ယ်ကြတယ်..ပြီးတော့ ပြန်လာခဲ့ကြတယ်.. ကျတော် ကတော့ အိမ် မပြန်သေးပဲ Internet ဆိုင်ကို ၀င်ပြီး Post တင်ခဲ့တာပါ..

ဒါကတော့ ကျတော့်ရဲ့ ဒီနေ့ လုပ်ခဲ့တဲ့ တနေ့ တာ ကျတော်ရဲ့လုပ်ခဲ့တဲ့  အကြောင်း အရာလေးတွေ ပါ..
(ကျတော့်ရဲ့ ဒီ Post လေးကို ဖတ်ကြည့်တဲ့ Blogger တိုင်း တနေ့ တာ အကြောင်းအရာတွေကို ရေး ဖို့ Tag လိုက်ပါတယ်.. )