ကောင်းကင်တစ်ခုမွေးဖွားခြင်း

ကောင်းကင်တစ်ခုကို မွေးဖွားဖို့ အတွက် ဒီ လောကထဲကိုရောက်လာမိပြီ

Subscribe
Add to Technorati Favourites
Add to del.icio.us
အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါသည် နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်

မနေ့ ကမှ ကျတော့်ဘ၀မှာရှိတဲ့ အရင်းနီးဆုံးသူတွေထဲ က ကျတော်အချစ်ရဆုံး အဘိုး (အဖိုးရှင်) ဆုံးသွားခဲ့တယ် ကျတော် အရမ်း ၀မ်းနည်းတယ်..ဘာလို့ လဲဆိုတော့ ကျတော်အရမ်းချစ်ရတဲ့ အဖိုးလေ ပြီးတော့ သားသမီးတွေ အများကြီးရှိတဲ့ကြားထဲက သား ၃ယောက်နဲ့ သမီးအငယ်ဆုံး ၁ ယောက် မရှိနိုင်တာကိုလေ ..

အဖွားဆို အရူးတပိုင်းပါပဲ အားလုံးရဲ့ ၀မ်းအနည်းဆုံးနေ့ လို့ ပြောလို့ ရတယ်။ ကျတော် ဘ၀မှာ အရင်းအနှီးဆုံး တစ်ဦး ဆုံးရှုံးခဲ့ရပြီ နောက်ထပ် ဘယ်သူ့ ကိုမှ မဆုံးရှုံးချင်တော့ဘူး..

"အဖိုးရှင် ကောင်းရာ သုဂတိသို့ လားပါစေ"

3 comments:

weenyinthit said...

သူငယ်ချင်း ကျော်လင်းထွန်း မင်းရဲ့ အဖိုးဆုံးသွားတာ ငါအရမ်း ၀မ်းနည်းမိတယ်ကွာ... မင်းလည်းတော်တော်တော့ စိတ်ညစ်နေမှာပဲ...။ ငါလည်း သူကောင်းရာဘ၀ရဖို့ ဆုတောင်းပေးလိုက်ပါတယ်...။

အိတာ said...

မမြဲသောတရားကို လူတွေနားလည်ထားကြပေမယ့်

တကယ်ကြုံလာရင်အနည်းနဲ့ အများခံစားရကြတာပါပဲ...

ဆုတောင်းပေးလိုက်ပါတယ်နော်...

မသက်ဇင် said...

လင်းလင်းအဖိုးအတွက် ထပ်တူဝမ်းနည်းပါတယ်
စိတ်ချမ်းသာအောင်နေပါ